Monday, July 10, 2017

Aho Girl

Aho Girl


2017 Ongoing Summer serie တွေထဲမှာ ဒိထက်ခွီရမယ့် Anime ရှိမယ်မထင်ပါဘူး
 
Comedy သမားတွေ လုံးဝဟားချင်တဲ့လူတွေ ကြည့်သင့်ပါတယ်

July 4 ရက်နေ့ကမှ ထွက်လာတာဖြစ်ပြီး အပတ်စဉ်အင်္ဂါနေ့ညတိုင်းလွှင့်မှာဖြစ်ပါတယ်

အပိုင်းတစ်မှာတော့ Character တွေကို တစ်ယောက်ချင်းစီမိတ်ဆက်ပေးသွားပါတယ်

ငှက်ပျောသီးသိပ်ကြိုက်တဲ့အရူးမလေး Yoshiko နဲ့သူ့ကိုငယ်ငယ်တည်းက

ထိန်းလာခဲ့ရတဲ့ ငယ်သူငယ်ချင်း A-kun တို့ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကြည့်လိုက်ရအောင်

ဘယ်နှစ်ပိုင်းလွှင့်မလဲမသိရသေးပါဘူး Genres ကတော့ Comedy, Romance, School, Shounen ပါ


Love Live ! School Idol Project

Love Live ! School Idol Project 

 


Otonokizaka အထက်တန်းကျောင်းပိတ်ပစ်ရတော့မယ့်အချိန်ကနေ စတာပါပဲ

ကျောင်းအပ်တဲ့ကျောင်းသားဦးရေဟာ နှစ်တိုင်းတဖြည်းဖြည်းလျော့ကျလာတဲ့အတွက် 

ပထမနှစ်ကျောင်းသားတွေကျောင်းပြီးတာနဲ့ ပိတ်ပစ်ဖို့လုပ်ရပါတော့တယ် 

ဒီကိစ္စကို ဒုတိယနှစ်ကျောင်းသူလေး Honoka Kousaka ကတော့မကျေနပ်ပါဘူး 

ဒါကိုဘယ်လိုတားရမလဲအဖြေရှာရင်း A-RISE ဆိုတဲ့ School Idol Group ကိုမြင်ခဲ့ပါတယ်

 ဒီလိုနဲ့ ကျောင်းရဲ့ပုံရိပ်ကိုပြန်မြှင့်တင်ဖို့အတွက် သူမရဲ့ငယ်သူငယ်ချင်းတွေဖြစ်တဲ့ 

Umi Sonoda , Kotori Minami , Honoka နဲ့ "Muse" ဆိုတဲ့ School Idol Group ကို 

ဖွဲ့စည်းဖို့ကြိုးစားပါတော့တယ် အပြောလွယ်ပေမယ့် လက်တွေ့ကြမလွယ်ကူခဲ့ပါဘူး 

Honoka တစ်ယောက် Idol Group ဖွဲ့ဖို့ ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာ... 

အပိုင်း ၁၃ ပိုင်းရှိပြီး Genres ကတော့ Music , Slice of Life , School ဖြစ်ပါတယ် 

Link တစ်ခုတိုင်းမှာ HD နဲ့ SD နှစ်မျိုးပါပါတယ် အဆင်ပြေပါစေဗျာ...